
NEWS
ー Information from the website ー
အခမ်းအနား
ー Information on briefing sessions ー
ပြုစုစောင့်ရှောက်ရေးအလုပ်
ဂျပန်နိုင်ငံ၏ဆွဲဆောင်မှု
ー The charm of living in Japan ー
သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သားစနစ်
သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား (i) သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း ဆိုသည်မှာ
နေထိုင်ခွင့်ဗီဇာတစ်မျိုးဖြစ်သော “သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား-တိုခုတေးဂိနိုး” သည် ပိုမိုနက်နဲလာသည့် လူအင်အားမလုံလောက်မှုကို ဖြည့်တင်းရန်အတွက် သတ်မှတ်ထားသည့် ကျွမ်းကျင်မှုနှင့်၊ စွမ်းဆောင်ရည်များကိုပိုင်ဆိုင်ထားသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း ၁၄ မျိုးဖြင့် အလုပ် လုပ်ကိုင်နိုင်ရန် အသိအမှတ် ပြုထားသည့် နေထိုင်ခွင့်ဗီဇာတစ်ခုအနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလတွင် အသစ်သတ်မှတ်ခဲ့ပါသည်။ အထူးကျွမ်းကျင်လုပ်သားတွင် အမှတ် ၁ နှင့် ၂ ဟူ၍ ရှိသော်လည်းပြုစုစောင့်ရှောက်ရေးလုပ်ငန်းသည် အမှတ် ၁ တစ်ခုတည်းသာ ရှိပါသည်။
သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား (i) သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်းစာမေးပွဲနှင့် စပ်လျဉ်း၍
ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းအမျိုးအစား၏ ကျွမ်းကျင်မှုအတတ်ပညာ အကဲဖြတ်စာမေးပွဲသည် “Nursing Care Skills Evaluation Test”၊ “Nursing Care Japanese Language Evaluation Test” နှင့် ဂျပန်စာအရည်အချင်းအဆင့်ကိုတိုင်းတာသည့်စာမေးပွဲဟူ၍ စားမေးပွဲ ၃ ခု ဖြင့် ဖွဲ့စည်းထားပါသည်။ Nursing Care Skills Evaluation Test နှင့် Nursing Care Japanese Language Evaluation Test သည် လက်တွေ့ပြုစုစောင့်ရှောက်ရာတွင် အသုံးချရမည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဂျပန်စာအရည်အချင်းကို တိုင်းတာခြင်းအားဖြင့် နယ်ပယ်တစ်ခုချင်းစီတွင် ချက်ချင်းအသုံးချနိုင်သည့်ခွန်အားတစ်ရပ်ဖြစ်လာနိုင်မည့် အဆင့်တစ်ခုအား အခြေခံစံအနေဖြင့် သတ်မှတ်ထားပါသည်။ ဂျပန်စာအရည်အချင်း အဆင့်အတန်းသည် ဂျပန်ဖောင်ဒေးရှင်း ဂျပန်ဘာသာအခြေခံစာမေးပွဲ သို့မဟုတ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) (N4 နှင့်အထက်သာ) ဖြင့် တိုင်းတာ ပါသည်။
ဂျပန်ဘာသာနှင့် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စာမေးပွဲဖြေဆိုရန်အတွက် လေ့လာပုံနည်းလမ်းများ
သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား (i) ပြုစုစောင့်ရှောက်ရေးအလုပ်ဖြင့် နေထိုင်ခွင့်ဗီဇာကို ရယူရန် စာမေးပွဲဖြေဆိုဖို့လေ့လာမည်ဆိုပါက ပြဌာန်းစာအုပ်များကိုအသုံးပြု၍ ကိုယ်တိုင်လေ့လာသည့် နည်းလမ်းအပြင် ဂျပန်ဘာသာသင်တန်းကျောင်းသို့တက်ရောက်ပြီး သင်ယူလေ့လာသည့်နည်းလမ်းလည်း ရှိပါသည်။ ဤဆောင်းပါးတွင် အဓိကအားဖြင့် ကိုယ်တိုင်လေ့လာသင်ယူသည့် နည်းလမ်းများကို ဦးတည်၍ အကြံပြုတိုက်တွန်းလိုသည့်ပြဌာန်းစာအုပ်နှင့် ဝက်ဘ်ဆိုဒ်များကို မိတ်ဆက်ပေးပါမည်။
ဂျပန်နိုင်ငံဖက်မှ ထောက်ပံ့ကူညီမှုစနစ်များလည်း ပြင်ဆင်ထားရှိခြင်း
နိုင်ငံရပ်ခြားမှပုဂ္ဂိုလ်များ စိတ်လက်အေးချမ်းစွာဂျပန်နိုင်ငံသို့လာရောက်၍ ပြုစုစောင့်ရှောက်ရေး အလုပ်လုပ်ကိုင်နိုင်စေရန်အတွက် ဂျပန်နိုင်ငံ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ၊ ဂေဟာများစသည်တို့တွင် အမျိုးမျိုးသောထောက်ပံ့ကူညီမှုများကို ပေးအပ်လျက် ရှိပါသည်။ ပြုစုစောင့်ရှောက်ရေးအလုပ်နှင့်ပတ်သက်သော ထောက်ပံ့ကူညီမှုသာမက ဘာသာစကား အခက်အခဲနှင့် နေထိုင်မှုအခြေကျသည်အထိ ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံစွာပြင်ဆင်ထားသည့် ထောက်ပံ့ကူညီမှုများကို ပေးအပ်ထားပါသည်။
ကျွန်ုပ်တို့၏အသံ
ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးအလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို အင်တာဗျူးပြုလုပ်ခဲ့
ပါသည်။ ဂျပန်နိုင်ငံ၏ နေထိုင်မှုနှင့် ပြုစုစောင့်ရှောက်ရေးအလုပ်၊ လေ့လာသင်ယူမှုများ အတွက် ကိုးကားပါ။
မာမာဝင်း
・မွေးဖွားရာနိုင်ငံ – မြန်မာ
・ဂျပန်သို့လာခဲ့သည့်ခုနှစ် – ၂၀၁၉
・နေထိုင်ခွင့်ဗီဇာ – အလုပ်သင် အဆင့် ၂
・ဂျပန်ဘာသာအရည်အချင်း – N3
အိအိမွန်
・မွေးဖွားရာနိုင်ငံ – မြန်မာ
・ဂျပန်သို့လာခဲ့သည့်ခုနှစ် – ၂၀၁၉
・နေထိုင်ခွင့်ဗီဇာ – အလုပ်သင် အဆင့် ၂
・ဂျပန်ဘာသာအရည်အချင်း – N3
F.A.Q.
အားလုံးထံမှ မေးမြန်းလာသမျှမေးခွန်းများကို ဖြေကြားပေးသွားပါမည်။
အသုံးဝင်သောသတင်းအချက်အလက်များနှင့် ဆက်စပ်လင့်ခ်များ စုစည်းမှုအား ဤနေရာတွင်စစ်ဆေးပါ။
ပြုစုစောင့်ရှောက်ရေးအလုပ်ဖြင့် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကြည့်မလား။ သတ်မှတ်ထားသော ကျွမ်းကျင်လုပ်သားစနစ်နှင့် ပတ်သက်၍၊ ပြုစုစောင့်ရှောက်ရေးအလုပ်နှင့်ပတ်သက်၍၊ ဂျပန်နိုင်ငံ၏နေထိုင်မှုနှင့် ဂျပန်ဘာသာသင်ယူခြင်းတို့နှင့် ပတ်သက်၍၊ အသုံးဝင်မည့် သတင်းအချက်အလက်များကို နားလည်ရလွယ်ကူအောင် မိတ်ဆက်တင်ပြပေးပါမည်။
ဤဝက်ဘ်ဆိုဒ်သည် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားသား ပြုစုစောင့်ရှောက်ရေး လုပ်သားများလက်ခံခေါ်ယူမှု မြှင့်တင်ရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအနေဖြင့် Japan Care Worker Guide ကြီးကြပ်ဆောင်ရွက်ရေးဌာနမှ ဖွင့်လှစ်၍ ကြီးမှူးဆောင်ရွက်နေသည့် ဝက်ဘ်ဆိုဒ်ဖြစ်ပါသည်။
အကောင့်ဖွင့်ပြီးထားသောသူများ မပျက်မကွက် “ Follow” နှင့် “ Like” လုပ်ထားစေလိုပါသည်။