ဂျပန်နိုင်ငံ၏ဆွဲဆောင်မှု

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နည်းနှင့် နေထိုင်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နည်းနှင့် နေထိုင်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ

ဂျပန်နိုင်ငံသို့သွားရောက်၍ နေထိုင်မှုဘဝသစ်စတင်ရာတွင် နိုင်ငံခြားသားများအတွက် ရင်းနှီးကျွမ်းဝင်မှုမရှိသည့် မည်ကဲ့သို့သောစည်းမျဉ်းစည်းကမ်းများ ရှိနိုင်ပါသလဲ။ မည်သည့် နိုင်ငံတွင်မဆို အလုပ်နှင့်နေထိုင်မှုဘဝတွင် ထိုနိုင်ငံ၏သီးခြားစည်းမျဉ်းစည်းကမ်းများနှင့် အမူအကျင့်များရှိပါသည်။ ထိုအရာများကို ယဉ်ကျေးမှုတစ်ခုအနေနှင့် လက်ခံကျင့်သုံးခြင်းဖြင့် နေထိုင်မှုဘဝနှင့်အလုပ်အကိုင်အား လွယ်ကူချောမွေ့စွာ ရှေ့ဆက်နိုင်မည်ဖြစ်သည်။ ဂျပန်လူမျိုးများ သတိထားမိရန်ခက်ခဲသည့် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နည်းနှင့် နေထိုင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ဖူးသောအတွေ့အကြုံရှိသည့် နိုင်ငံခြားသားများထံမှ စစ်တမ်းကောက်ယူခြင်းနှင့် အင်တာဗျူးမေးမြန်းခြင်းများကို အခြေခံ၍ မိတ်ဆက်ပေးသွားပါမည်။

Read More

ဂျပန်နိုင်ငံတွင် ရှင်သန်နေထိုင်မှု၏ အရိပ်အမြွက်

ဂျပန်နိုင်ငံတွင် ရှင်သန်နေထိုင်မှု၏ အရိပ်အမြွက်

ဂျပန်နိုင်ငံသို့သွားပြီး ဘိုးဘွားပြုစုစောင့်ရှောက်ရေးအလုပ်ကိုလုပ်မည်ဟု ဆုံးဖြတ်ပြီးပြီဆိုလျှင် စာကျက်ခြင်း၊ အလုပ်အတွက်ပြင်ဆင်ရခြင်းများနှင့်  မအားမလပ်ဖြစ်နေလိမ့်မည်ဟု ထင်ပါသည်။ တပြိုင်နက်တည်းမှာပဲ ဂျပန်မှာနေထိုင်ရတာနှင့်ပတ်သက်သော သတင်းအချက်အလက်များ စုဆောင်းဖို့ကလည်း လိုအပ်လာပါလိမ့်မည်။ မည်သည့်မြို့မှာအလုပ်လုပ်ရမှာလဲဆိုတာပေါ်မူတည်ပြီး ပြောင်းလဲမှုတော့ရှိနိုင်ပေမယ့် ဒီနေရာမှာ ဂျပန်မှာနေထိုင်ရတဲ့နေထိုင်မှု၏ အရိပ်အမြွက်နှင့်ပတ်သက်ပြီး ဂျပန်မှာအလုပ်လုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသည့် နိုင်ငံခြားသားများထံမှ စစ်တမ်းကောက်ယူခြင်း၊ အင်တာဗျူးခြင်းများနှင့်အတူ ရှင်းလင်းပြောပြပေးသွားပါမည်။ ဂျပန်သို့သွားပြီး နေထိုင်သောအခါမှာလည်း အခက်အခဲမဖြစ်စေဖို့အတွက် သတင်းအချက်အလက်တစ်ခုအနေနှင့်ကောင်းကောင်းအသုံးချနိုင်ပါသည်။

Read More

နိုင်ငံခြားသားများလည်း စိတ်ချလက်ချနေထိုင်နိုင်သော ဂျပန်နိုင်ငံ

နိုင်ငံခြားသားများလည်း စိတ်ချလက်ချနေထိုင်နိုင်သော ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဆိုသည်မှာ အရမ်းလုံခြုံစိတ်ချရသောနိုင်ငံဟု ပြောစမှတ်ပြုကြပါသည်။ အမှန်တကယ်ကိုပဲ ၂၀၂၀ ခုနှစ် ဇွန်လတွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းတွင် အဆင့် ၉[1] အဖြစ် ရပ်တည်ခဲ့ပြီး အဓိကဖွံ့ဖြိုးပြီးနိုင်ငံများထဲမှ ကနေဒါ၏နောက်မှလိုက်ခါ အဆင့်သတ်မှတ်မှု မြင့်မားလှပါသည်။ ဂျပန်နိုင်ငံတွင် သေနတ်၊ ဓါးလက်နက်အမျိုးအစားများကို ထိန်းချုပ်ရန်အတွက်ရည်ရွယ်ထားသောဥပဒေလည်းရှိသည့်အတွက် သေနတ်များဓါးများကိုကိုင်ပြီး သွားလာနေသောသူဟူ၍မရှိပါဘူး။ (သေချာတာကတော့ ခါးမှာဓါးရှည်ကြီးထိုးထားသော ဆာမူရိုင်းလည်းမရှိပါဘူး) ဂျပန်တွင်အလုပ်လုပ်ဖူးသောနိုင်ငံခြားသားများကို စစ်တမ်းကောက်ယူခြင်း၊ အင်တာဗျူးမေးမြန်းခြင်းတွေမှတဆင့်ဂျပန်နိုင်ငံတွင်းနေထိုင်မှု ဘဝနှင့်ပတ်သက်၍မေးမြန်းကြည့်ခဲ့ပါသည်။ [1] Global Peace Index © Institute for Economics and Peace

Read More

ဂျပန်နိုင်ငံ၏ နယ်မြို့လေးများ

ဂျပန်နိုင်ငံ၏ နယ်မြို့လေးများ

တီဗီ၊ မဂ္ဂဇင်းနှင့် ဝက်ဘ်ဆိုဒ်စသည်တို့မှတဆင့် ဂျပန်နိုင်ငံ၏သတင်းများကို စုဆောင်းနေကြသူလည်း များပြားလိမ့်မည်ဟုထင်ပါသည်။ ဂျပန်နိုင်ငံသည် ကျွန်းစုနိုင်ငံဖြစ်ပြီး တောင်မှမြောက်သို့ အလွန် ရှည်လျားသည့်နိုင်ငံဖြစ်ပါသည်။ တိုကျိုနှင့်အိုဆာကာကဲ့သို့သော မြို့ကြီးပြကြီးများအကြောင်းကို ကောင်းစွာသိရှိထားပြီးကြသော်လည်း နယ်ဒေသများတွင်လည်း အမှန်တကယ်ပင် အလွန်သာယာ လှပသည့်မြို့များနှင့် နာမည်ကြီးလည်ပတ်စရာနေရာအများအပြားရှိပါသေးသည်။ ထို့အပြင် ဂျပန် နိုင်ငံ၏မြို့များသည် ပင်လယ်နှင့်တောင်များကာရံထားသည့်အတွက် နယ်များသို့သွားပါက အရသာရှိသောငါးနှင့် ဒေသအစားအစာများကို မြည်းစမ်းကြည့်နိုင်ပါသည်။ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင် မည်ဆိုလျှင် မြို့ပြကြီးများကိုမြင်ယောင်နေမိကြမည်ဆိုသော်လည်း ဒီတစ်ကြိမ်တွင်တော့ ဂျပန်နိုင်ငံ နယ်မြေဒေသများ၏ ဆွဲဆောင်မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ခဲ့သည့် အတွေ့အကြုံရှိသောနိုင်ငံခြားသားများထံ စစ်တမ်းကောက်ယူခြင်းနှင့် အင်တာဗျူးမေးမြန်းခြင်းတို့ ပြုလုပ်ကာ မေးမြန်းကြည့်ခဲ့ပါသည်။

Read More

ဂျပန်အစားအစာကို မြည်းစမ်းကြည့်ကြပါစို့

ဂျပန်အစားအစာကို မြည်းစမ်းကြည့်ကြပါစို့

ဂျပန်အစားအစာဟုပြောလိုက်သည်နှင့် “ဆူရှီ”၊ “ရာမန်ခေါက်ဆွဲ”၊ “တန်ပူရာ” တို့ကို ပြေးမြင်မိကြမှာ မဟုတ်ပါလား။ နောက်ပြီး ဂျပန်ကိုသွားရမည်ဆိုလျှင် ဂျပန်အစားအစာတွေချည်းပဲ စားရမှာလား? ဆိုပြီး စိုးရိမ်မိကြလိမ့်မည်ထင်ပါသည်။ ဒါ့အပြင် ဓာတ်မတည့်ခြင်းနှင့် ဘာသာရေးကြောင့် အချို့အစားအစာများစားမရသောသူများမှာလည်း ဂျပန်နိုင်ငံ၏နေထိုင်စားသောက်မှုပုံစံကို စိတ်မအေးဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဂျပန်နိုင်ငံတွင်နေထိုင်ရပ်တည်ခဲ့ဖူးသော နိုင်ငံခြားသားများထံတွင် စစ်တမ်းကောက်ယူခြင်း၊ အင်တာဗျူးမေးမြန်းခြင်းများမှတဆင့် ဂျပန်နိုင်ငံ၏စားသောက်မှုပုံစံနှင့်ပတ်သက်၍ မေးမြန်း ကြည့်ခဲ့ပါသည်။

Read More