လက်တွေ့ကျကျKanji ကိုထိရောက်စွာလေ့လာနည်း – ၁
ဂျပန်စာသင်ကြားမှုသည် အရေးကြီးသော်လည်း ဂျပန်တွင်အလုပ်လုပ်သည့်အခါ အလုပ်သည်ဘဝ၏ဗဟိုချက်ဖြစ်လာသဖြင့် အချိန်အများကြီးပေးပြီး လေ့လာဖို့ခက်ခဲနိုင်ပါတယ်။သို့သော် လက်တွေ့ဘဝနှင့်အလုပ်မှာလည်း Kanjiနှင့်စကားလုံးများကို သိထားခြင်းသည် အရေးကြီးပါသည်။ဒီတစ်ခါမှာတော့ Kanjiကို အတတ်နိုင်ဆုံးထိရောက်စွာ လေ့လာနိုင်မယ့်နည်းလမ်းကို နှစ်ကြိမ်ခွဲပြီး မိတ်ဆက်ပေးပါမယ်။သိထားပြီးအသုံးပြုနိုင်သော Kanjiတိုးလာပါကအလုပ်အပေါ်မှာ ယုံကြည်မှုနှင့်မိုတီဗေးရှင်းအတွက်လည်း ချိတ်ဆက်မိလာပါမယ်။