သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သားစနစ်
- သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား (i) သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း ဆိုသည်မှာ
- သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား (i) သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း ဆိုသည်မှာ
- ဂျပန်ဘာသာနှင့် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စာမေးပွဲဖြေဆိုရန်အတွက် လေ့လာပုံနည်းလမ်းများ
- ဂျပန်ဘာသာနှင့် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စာမေးပွဲဖြေဆိုရန်အတွက် လေ့လာပုံနည်းလမ်းများ
အသေးစိတ်အား ဖော်ပြပါ အင်တာနက်စာမျက်နှာတွင် ကြည့်ရှုစစ်ဆေးပါ။
သတ်မှတ်ထားသော ကျွမ်းကျင်မှုလုပ်သား (i) သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်းခွင့်ပြုချက် ရရှိခြင်းနှင့်စပ်လျဉ်း၍ အတန်းပညာအရည်အချင်းမလိုအပ်ဘဲ အသက် ၁၈ နှစ်နှင့်အထက်ဖြစ်ပါက မည်သူမဆိုလျှောက်ထားနိုင်ပါသည်။ သို့သော် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ သတ်မှတ်ထားသော ကျွမ်းကျင်လုပ်သား (i) ၏ နေထိုင်ခွင့်ဗီဇာ ရယူနိုင်ရန်အတွက်ကတော့ သတ်မှတ်ချက်ထက်ကျော်လွန်သော ပြုစုစောင့်ရှောက်ခြင်းစွမ်းရည်များကို ပိုင်ဆိုင်ထားခြင်းရှိမရှိ စစ်ဆေးအတည်ပြုရန်အတွက် “Nursing Care Skills Evaluation Test” ကို ဖြေဆိုအောင်မြင်ရန် မဖြစ်မနေလိုအပ်ပါသည်။ ထို့အပြင် ဂျပန်စာအရည်အချင်းကိုတိုင်းတာသည့် “ဂျပန်ဖောင်ဒေးရှင်း ဂျပန်ဘာသာအခြေခံစာမေးပွဲ” အား အောင်မြင်ခြင်း သို့မဟုတ် “ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)(N4နှင့်အထက်)”ရှိခြင်းတို့အပြင်ပြုစုစောင့်ရှောက်ခြင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် လိုအပ်သော ဂျပန်စာအရည်အချင်းကိုတိုင်းတာသည့် “Nursing Care Japanese Language Evaluation Test” ကို ဖြေဆို အောင်မြင်ရမည့်အချက်များ လိုအပ်ပါသည်။
မိသားစုနှင့်အတူနေထိုင်ခြင်း (မိသားစုနှင့်အတူတကွ ဂျပန်သို့လာခြင်း) ကို အခြေခံအားဖြင့် ခွင့်ပြု မထားပါ။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သည့်သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး ၆ လ တစ်ကြိမ် သို့မဟုတ် ၄ လ တစ်ကြိမ် သက်တမ်းတိုးနိုင်ပြီး စုစုပေါင်းအများဆုံး ၅ နှစ်အထိ သက်တမ်းတိုးနိုင်ပါသည်။ သို့သော် ၅နှစ်အတောအတွင်းတွင်ပြုစုစောင့်ရှောက်ရေးဆိုင်ရာလူမှုဖူလုံရေးဝန်ထမ်း အသိအမှတ်ပြုလက်မှတ် ရယူနိုင်ခဲ့ရင်နေထိုင်ခွင့်ဗီဇာအားပြောင်းလဲပါကတောက်လျှောက်အလုပ်လုပ်ကိုင်နိုင်ပြီး မိသားစုအားအတူနေထိုင်ရန် ခေါ်ယူခွင့်လည်းရရှိလာမည်ဖြစ်ပါသည်။
အလုပ်ဝင်ရောက်မည့်နေရာအား ဆန္ဒပြုလိုပါက အလုပ်ခန့်ထားပေးမည့်အဖွဲ့အစည်း သို့မဟုတ် လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်းများမှ ပေးအပ်မည့် အထောက်အကူများလည်း ရှိသည့်အတွက် စိတ်ချလိုက်ပါ။ အကယ်၍ အလုပ်ပြောင်းလိုသည့်အခြေအနေတွင် တူညီသော ပြုစုစောင့်ရှောက်ခြင်းအလုပ်အကိုင်အမျိုးအစားဖြစ်ပါက အခြားကုမ္ပဏီသို့ အလုပ် ပြောင်းနိုင်ပါသည်။
သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား (i) သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်းစာမေးပွဲနှင့် စပ်လျဉ်း၍
ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းအမျိုးအစား၏ ကျွမ်းကျင်မှုအတတ်ပညာ အကဲဖြတ်စာမေးပွဲသည် “Nursing Care Skills Evaluation Test”၊ “Nursing Care Japanese Language Evaluation Test” နှင့် ဂျပန်စာအရည်အချင်းအဆင့်ကိုတိုင်းတာသည့်စာမေးပွဲဟူ၍ စားမေးပွဲ ၃ ခု ဖြင့် ဖွဲ့စည်းထားပါသည်။
Nursing Care Skills Evaluation Test နှင့် Nursing Care Japanese Language Evaluation Test သည် လက်တွေ့ပြုစုစောင့်ရှောက်ရာတွင် အသုံးချရမည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဂျပန်စာအရည်အချင်းကို တိုင်းတာခြင်းအားဖြင့် နယ်ပယ်တစ်ခုချင်းစီတွင် ချက်ချင်းအသုံးချနိုင်သည့်ခွန်အားတစ်ရပ်ဖြစ်လာနိုင်မည့် အဆင့်တစ်ခုအား အခြေခံစံအနေဖြင့် သတ်မှတ်ထားပါသည်။
ဂျပန်စာအရည်အချင်း အဆင့်အတန်းသည် ဂျပန်ဖောင်ဒေးရှင်း ဂျပန်ဘာသာအခြေခံစာမေးပွဲ သို့မဟုတ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) (N4 နှင့်အထက်သာ) ဖြင့် တိုင်းတာ ပါသည်။
အောက်ပါစာမေးပွဲ ၃ ခုနှင့်ပတ်သက်၍ အစဉ်လိုက် ရှင်းပြပါမည်။
(၁) ဂျပန်ဖောင်ဒေးရှင်း ဂျပန်ဘာသာအခြေခံစာမေးပွဲ (Japan Foundation Test for Basic Japanese :JFT-Basic) သို့မဟုတ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) N4 နှင့်အထက်
(၂) Nursing Care Japanese Language Evaluation Test
(၃) Nursing Care Skills Evaluation Test
သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား (i) ပြုစုစောင့်ရှောက်ရေးအလုပ်ဖြင့် နေထိုင်ခွင့်ဗီဇာကို ရယူရန် စာမေးပွဲဖြေဆိုဖို့လေ့လာမည်ဆိုပါက ပြဌာန်းစာအုပ်များကိုအသုံးပြု၍ ကိုယ်တိုင်လေ့လာသည့် နည်းလမ်းအပြင် ဂျပန်ဘာသာသင်တန်းကျောင်းသို့တက်ရောက်ပြီး သင်ယူလေ့လာသည့်နည်းလမ်းလည်း ရှိပါသည်။ ဤဆောင်းပါးတွင် အဓိကအားဖြင့် ကိုယ်တိုင်လေ့လာသင်ယူသည့် နည်းလမ်းများကို ဦးတည်၍ အကြံပြုတိုက်တွန်းလိုသည့်ပြဌာန်းစာအုပ်နှင့် ဝက်ဘ်ဆိုဒ်များကို မိတ်ဆက်ပေးပါမည်။
နိုင်ငံရပ်ခြားမှပုဂ္ဂိုလ်များ စိတ်လက်အေးချမ်းစွာဂျပန်နိုင်ငံသို့လာရောက်၍ ပြုစုစောင့်ရှောက်ရေး အလုပ်လုပ်ကိုင်နိုင်စေရန်အတွက် ဂျပန်နိုင်ငံ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ၊ ဂေဟာများစသည်တို့တွင် အမျိုးမျိုးသောထောက်ပံ့ကူညီမှုများကို ပေးအပ်လျက် ရှိပါသည်။ ပြုစုစောင့်ရှောက်ရေးအလုပ်နှင့်ပတ်သက်သော ထောက်ပံ့ကူညီမှုသာမက ဘာသာစကား အခက်အခဲနှင့် နေထိုင်မှုအခြေကျသည်အထိ ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံစွာပြင်ဆင်ထားသည့် ထောက်ပံ့ကူညီမှုများကို ပေးအပ်ထားပါသည်။
(၁) ကြိုတင်လမ်းညွှန်မှုပေးခြင်း
(၂) နိုင်ငံသို့ဆိုက်ရောက်/ထွက်ခွာရာတွင် အကြိုအပို့ပြုလုပ်ခြင်း
(၃) နေရာထိုင်ခင်းရှာဖွေပေးခြင်း၊ နေထိုင်မှုတွင်လိုအပ်သောစာချုပ်စာတမ်းဆိုင်ရာကူညီပေးခြင်း
(၄) နေထိုင်စားသောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောပြခြင်း
(၅) အများပြည်သူဆိုင်ရာစာရွက်စာတမ်းများပြုလုပ်ရာတွင် အတူလိုက်ပါပေးခြင်း
(၆) ဂျပန်ဘာသာစကားသင်ယူနိုင်မည့်အခွင့်အလမ်းပေးအပ်ခြင်း
(၇) ဆွေးနွေးတိုင်ပင်ခြင်း၊ အဆင်မပြေမှုများအား တုံ့ပြန်ဆောင်ရွက်ပေးခြင်း
(၈) ဂျပန်လူမျိုးများနှင့် ပေါင်းသင်းဆက်ဆံမှုမြှင့်တင်ခြင်း
(၉) အလုပ်ပြောင်းရာတွင် ကူညီပံ့ပိုးပေးခြင်း (လူအင်အားလျော့ချသောအခြေအနေတွင်)
(၁၀) အချိန်မှန်တွေ့ဆုံခြင်း၊ အစိုးရရုံးများသို့သတင်းပို့ခြင်း
နိုင်ငံခြားသားပြုစုစောင့်ရှောက်ရေးလုပ်သားများအနေဖြင့် ဂျပန်နိုင်ငံ၏ပြုစုစောင့်ရှောက်ရေး လုပ်ငန်းခွင်အား ဆွဲဆောင်မှုရှိသောနေရာတစ်ခုအဖြစ်ခံစားသိရှိ၍ အတွေ့အကြုံနှင့် အတတ်ပညာ များကို အပြည့်အဝအသုံးချပြီး လုံခြုံစိတ်ချစွာ အလုပ်တာဝန်များထမ်းဆောင်နိုင်စေရန် ထောက်ပံ့ ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံခြားသားပြုစုစောင့်ရှောက်ရေးလုပ်သားအချင်းချင်း ရင်းနှီးမှုဖလှယ်နိုင်မည့်အခွင့်အရေးကို ပေးအပ်ခြင်းမှစတင်၍ နိုင်ငံခြားသားပြုစုစောင့်ရှောက်ရေးဝန်ထမ်းများ၏ ပြုစုစောင့်ရှောက်ရေး တာဝန်နှင့်ပတ်သက်သော လုပ်ငန်းခွင်ရှိအခက်အခဲများ၊ နေ့စဉ်နေထိုင်မှုဘဝနှင့် ကျင်လည်ရသော ပတ်ဝန်းကျင်၏အခက်အခဲများနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်းများကို လက်ခံဆောင်ရွက်ပေး လျက်ရှိပါသည်။
သည် ဂျပန်နိုင်ငံ၏ ပြုစုစောင့်ရှောက်ရေးပညာရပ်များကိုသင်ယူခြင်းနှင့် လုပ်ငန်းခွင်တွင်အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအတွက် အထွေထွေအခြေပြုတစ်ခုအနေဖြင့် ဂျပန်ဘာသာအရည်အချင်းတိုးတက် စေခြင်း၊ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းခွင်တွင်လိုအပ်သော ကျွမ်းကျင်မှုများကိုသင်ယူခြင်းတို့အား တိကျသေချာစွာ ထောက်ပံ့ဆောင်ရွက်သွားပါမည်။ သင်ယူရာတွင် ရလာဒ်မြင့်မားစွာအသုံးချနိုင် စေရန်အတွက် မည်သည့်အရာထက်မဆို သင်ယူသူမှ မိမိကိုယ်တိုင်ဦးဆောင်ထိန်းကျောင်း၍ လုပ်ဆောင်သွားရမည့်အချက်သည်လည်း မရှိမဖြစ်ပင်ဖြစ်သည်။ အဆိုပါဝန်းကျင်တစ်ရပ်အား ထောက်ပံ့ပေးအပ်ထားသည်မှာ “にほんごをまなぼう” ပင် ဖြစ်ပါသည်။ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (N3 အဆင့်) နှင့် အခြေခံပြုစုစောင့်ရှောက်ရေးနည်းပညာရပ်များကို တတ်ကျွမ်းလာစေရန်ရည်ရွယ်ထားပါသည်။ ထို့အပြင် စာမေးပွဲအမျိုးအစားတစ်ခုချင်းစီအား လေ့ကျင့်ခြင်းနှင့် ခေါင်းဆောင်များအတွက်မာတိကာများသာမက လူမှုကွန်ယက်များမှတဆင့် သတင်းအချက်အလက်မျှဝေခြင်း၊ သုံးစွဲသူအချင်းချင်းပြောဆိုဆက်ဆံခြင်း (အချိတ်အဆက်) ပြုလုပ်ရန်နေရာအဖြစ်လည်း ကူညီပံ့ပိုးပေးထားပါသည်။ “ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာဂျပန် ဘာသာ” နှင့် “Nursing Care Skills Evaluation Test” အတွက် သင်ယူလေ့လာရေး ပြဌာန်းစာအုပ်ကိုလည်း ဖတ်ရှုနိုင်ပါသည်။
ဘာသာစကားမှာ ဂျပန်ဘာသာအပြင် အင်္ဂလိပ်ဘာသာ၊ ကမ္ဘောဒီးယားဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ နီပေါဘာသာ၊ မွန်ဂိုဘာသာ၊ မြန်မာဘာသာ၊ ဗီယက်နမ်ဘာသာ၊ တရုတ်ဘာသာနှင့် ထိုင်းဘာသာ ဟူ၍ ဘာသာစကား ၉မျိုးဖြင့် ပြုစုထားပါသည်။