
တတ်နိုင်သမျှစွမ်းဆောင်ရည်ကောင်းကောင်းနဲ့ Kanjiသင်ယူခြင်းနည်းလမ်းကို မိတ်ဆက်ပေးခြင်း နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီတစ်ခါ” စိတ်ကူးညဏ်” လည်းသုံးပြီး Kanjiကို အသုံးပြုသောမြင်ကွင်းနှင့်အခြေအနေ Kanji ရဲ့အဓိပ္ပါယ်ကနေဆက်စပ်မှုကို စဥ်းစားခြင်းတွေလုပ်ပြီး သင်ယူမှုကို တိုးချဲ့သွားပါမယ်။သိထားပြီးအသုံးပြုနိုင်သောKanjiတိုးလာပါက အလုပ်အပေါ်မှာယုံကြည်မှုနှင့် မိုတီဗေးရှင်းအတွက်လည်း ချိတ်ဆက်မိလာပါမယ်။
(ယခင်ဆောင်းပါးက ဒီနေရာ)
Contents:
④ ဘယ်အချိန်၊ ဘယ်နေရာမှာ အသုံးပြုမလဲ? စဉ်းစားရင်းနဲ့ မှတ်သားခြင်း
အဲဒီKanjiက အသုံးပြုထားသောမြင်ကွင်းနှင့် အခြေအနေကို စိတ်ကူးကြည့်ပြီးလေ့လာပါက မှတ်ညဏ်ထဲကျန်လွယ်ပြီး အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။
「食」 ~食べる、食べ物 → 食事/食堂/朝食/食欲/制限食
“食” ~ စားသော၊ အစားအစာ → အစားအစာများ/ ထမင်းစားခန်း/ နံနက်စာ/ အစာစားချင်စိတ်/ ကန့်သတ်ထားသော အစားအစာ
・食堂で食事の介助をします。
・ထမင်းစားခန်းတွင် အစားအသောက်ကူညီမှုကို ပြုလုပ်သည်။
・今日の朝食はパンとスープです。
・ဒီနေ့မနက်စာကတော့ ပေါင်မုန့်နဲ့ဟင်းချို ဖြစ်ပါသည်။
・鈴木さんは制限食を食べています。
・ဦးဆုဇုခိသည် ကန့်သတ်ထားသော အစားအစာကို စားနေပါသည်။
「洗」 ~洗う → 洗濯/洗面/洗剤
“洗” ~ ဆေးကြောခြင်း → အဝတ်လျှော်ခြင်း/မျက်နှာသစ်ခြင်း/ဆပ်ပြာ
・洗濯物をたたみます。
・လျှော်ထားသောပစ္စည်းများကို ခေါက်ပါမည်။
・洗面所で歯をみがきます。
・ရေချိုးခန်းထဲမှာသွားတိုက်ပါမည်။
・洗濯機に洗剤を入れて洗います。
・အဝတ်လျှော်စက်ထဲမှာ ဆပ်ပြာကိုထည့်ပြီး လျှော်ပါမည်။
⑤ Kanji၏အဓိကအစိတ်အပိုင်းကို သဲလွန်စအဖြစ်စဉ်းစားခြင်း
ဆက်စပ်မှုရှိသောစကားလုံးများကို မှတ်သားနိုင်ပါသည်။
「さんずい」 → 水に関連する漢字 → 池・海・洗・波・涙など
“さんずい” → ရေနှင့်ဆက်စပ်သောKanjiများ→ရေကန်၊ပင်လယ်၊ဆေးကြောခြင်း၊ရေလှိုင်း၊မျက်ရည် စသည်
「やまいだれ」 → 病気に関連する漢字 → 病気・病院・頭痛・症状・大腸癌・治療・湿疹など
“やまいだれ” → ရောဂါနှင့်ဆက်စပ်သောKanjiများ→ဖျားနာခြင်း၊ဆေးရုံ၊ခေါင်းကိုက်ခြင်း၊ရောဂါလက္ခဏာများ၊အူမကြီးကင်ဆာ၊ဆေးကုသခြင်း၊နှင်းခူ စသည်
「にくづき」 → からだに関連する漢字 → 腹・胸・腰・肺・胃・骨・脳・肌など
“にくづき” → ကိုယ်ခန္ဓာနှင့်ဆက်စပ်သောKanjiများ →ဝမ်းဗိုက်၊ရင်ဘတ်၊ခါး၊အဆုတ်၊အစာအိမ်၊အရိုး ၊ဦးနှောက်၊အရေပြား စသည်
⑥Kanji ပေါ်အခြေခံကာစကားလုံးများကို ချဲ့ထွင်ပြီး အမျိုးမျိုးသောစကားလုံးများကို မှတ်သားခြင်း
စိတ်ကူးများကိုချဲ့ထွင်ပြီး စကားလုံးများကို ထပ်ထပ်ပြီးစဉ်းစားပါ။ ဥပမာ- ဒီKanjiကနေ ဘယ်လိုစကားလုံးကို ပြန်လည်မှတ်မိသလဲ?
「急」:意味は?……急ぐ
“急”: အဓိပ္ပာယ်က? …… အလျင်အမြန်
→この字を使った言葉は?……急病、救急車
→ ဒီKanjiကို အသုံးပြုထားသော စကားလုံးများက? …… ရုတ်တရက်ဖျားနာခြင်း၊ လူနာတင်ယာဉ်
→急病人、救急車はどこへ行く?……病院
→ ရုတ်တရက်ဖျားနာသူ၊လူနာတင်ယာဉ်က ဘယ်ကိုသွားမလဲ? ……ဆေးရုံ
→病院にはだれがいる?……医師、看護師、病人、など
→ ဆေးရုံမှာ ဘယ်သူတွေရှိလဲ? …… ဆရာဝန်၊ သူနာပြု၊ လူနာ စသည်
「病」:意味は?……からだが悪くなること
“病”: အဓိပ္ပာယ်က? …… ကိုယ်ခန္ဓာပျက်စီးလာခြင်း
→この字を使った言葉は?……病気、病人
→ ဒီKanjiကို အသုံးပြုထားသော စကားလုံးက? …… ရောဂါ၊ လူနာ
→病気の名前は?……(利用者さんを思い出して、考えてみる)
→ ရောဂါအမည်က? …… (အသုံးပြုသူများကို ပြန်တွေးပြီးတော့ စဉ်းစားကြည့်ပါ)
အလုပ်မှ သူငယ်ချင်းများ၊အဆောက်အဦးအသုံးပြုသူများကိုလည်းပူးပေါင်းဆောင်ရွက်မှုကိုလက်ခံပြီး ဥပမာအားဖြင့် ပဟေဠိပုံစံကိုပြုလုပ်ပြီး Kanjiကိုလေ့လာရန် ပြုလုပ်ဖို့လည်း အကြံပြုပါသည်။
သူငယ်ချင်းများနှင့်သင်ယူခြင်းက တစ်ယောက်တည်းသင်ယူခြင်းထက် ပိုပြီးတော့ပျော်စရာတိုးလာပြီး Kanjiသင်ယူခြင်းသည်လည်း ထိရောက်ပါသည်။နေ့တိုင်းဆက်လုပ်နိုင်အောင် အတူတူစဉ်းစားပြီးစမ်းကြည့်ပါ။
*အကြံပြုစာအုပ်
“ ပြုစုစောင့်ရှောက်ရေးစကားလုံးများနှင့် Kanji လက်စွဲစာအုပ်” (အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် စပိန်ဘာသာပြန်ထားသည်)အထွေထွေဖွဲ့စည်းထားသောအသင်း နိုင်ငံတကာဖလှယ်ရေးနှင့် ဂျပန်ဘာသာစကားပံ့ပိုးမှု Yကရေးခဲ့သော ယန်း2,860(အခွန်ပါဝင်)https://shop.jicwels.jp/view/item/000000000009?category_page_id=words_and_kanji
အခြေခံKanji၃၀၀ကို လေ့လာခဲ့သောနိုင်ငံခြားသားပြုစုစောင့်ရှောက်သူကို ရည်ရွယ်ပါသည်။
အဓိကအားဖြင့် ပြုစုစောင့်ရှောက်ရေးအထူးပြုထားတဲ့Kanjiနှင့်ဝေါဟာရ မိတ်ဆက်ပေးပြီးတော့ အဘိဓာန်အဖြစ်လည်း သုံးနိုင်ပါသည်။ဖြည့်စွက်သင်ကြားမှုဆိုင်ရာစာအုပ်အနေနဲ့ အလုပ်စာအုပ်၊လေ့ကျင့်မှုစာအုပ်လည်း ရှိပါသည်။
※ အခြေခံKanji၃၀၀သည် JLPT N4 အောင်မြင်ရန် လိုအပ်သော Kanjiအရေအတွက်ဖြစ်ပါသည်။