ပြုစုစောင့်ရှောက်ရေးအလုပ်

ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦးအနေဖြင့် လိုအပ်သည့် ဂျပန်ဘာသာအဆင့်က?

ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦးအနေဖြင့် လိုအပ်သည့် ဂျပန်ဘာသာအဆင့်က?

ပြုစုစောင့်ရှောက်မှုကိုလိုအပ်လျှက်ရှိသောသက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူအများစုသည် ဂျပန် ဘာသာမှလွဲ၍မပြောတတ်ပေ။ ထို့အပြင် အလုပ်တွင်လိုအပ်သော စာရွက်စာတမ်းများသည် များသောအားဖြင့် ဂျပန်ဘာသာဖြင့်ရေးသားထားပါသည်။ ပြုစုစောင့်ရှောက်ခြင်းဆိုသည့် ပထမဦးဆုံး  အလုပ်အကိုင်ကို မိခင်ဘာသာစကားဖြင့်မဟုတ်ဘဲ ဂျပန်ဘာသာဖြင့်ဆောင်ရွက်ရမည်ကို စိုးရိမ် ပူပန်မိကြသူများလည်းရှိကောင်းရှိနိုင်ပါသည်။ ထိုကြောင့် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအနေဖြင့် လိုအပ်သောဂျပန်စာအဆင့်အကြောင်းကို ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ဖူးသည့်အတွေ့အကြုံရှိသော နိုင်ငံခြားသားများထံ စစ်တမ်းကောက်ယူခြင်း၊ အင်တာဗျူးပြုလုပ်ခြင်းများဖြင့် မေးမြန်းကြည့်ခဲ့ပါသည်။

Read More

ဂျပန်နိုင်ငံ၏ပြုစုစောင့်ရှောက်ရေးဆိုတာ ဘယ်လိုအလုပ်အကိုင်မျိုးပါလဲ?

ဂျပန်နိုင်ငံ၏ပြုစုစောင့်ရှောက်ရေးဆိုတာ ဘယ်လိုအလုပ်အကိုင်မျိုးပါလဲ?

ပြုစုစောင့်ရှောက်ရေးအလုပ်အကိုင်ဟု ကြားလိုက်မိသည်နှင့် ဆေးရုံမှသူနာပြုများ၏အလုပ်ကို အတွေးထဲမှာပေါ်လာကောင်းပေါ်လာနိုင်ပါသည်။ သို့သော် ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အိုများပြား လာခြင်းနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီး သူနာပြုနှင့်မတူကွဲပြားသည့် ပြုစုစောင့်ရှောက်ရေးဝန်ထမ်း ဟူသောအလုပ်အကိုင်သည် အရေးပါသောလုပ်ငန်းတစ်ခုဖြစ်လို့နေပါသည်။ ဂျပန်နိုင်ငံတွင် ပြုစု စောင့်ရှောက်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ဖူးသည့်အတွေ့အကြုံရှိသော နိုင်ငံခြားသားများထံမှ စစ်တမ်းကောက်ယူခြင်း၊ အင်တာဗျူးပြုလုပ်ခြင်းစသည်တို့ကိုအခြေခံ၍ ပြုစုစောင့်ရှောက်ခြင်း ဆိုသည်မှာ မည်ကဲ့သို့သောအလုပ်အကိုင်ဖြစ်သည်ကို မိတ်ဆက်ပေးသွားပါမည်။

Read More

ဂျပန်သို့မသွားခင် စဉ်းစားသင့်သည့်အရာ၊ ပြင်ဆင်သင့်သည့်အရာ

ဂျပန်သို့မသွားခင် စဉ်းစားသင့်သည့်အရာ၊ ပြင်ဆင်သင့်သည့်အရာ

“ဂျပန်ကိုသွားပြီး အလုပ်လုပ်ကြည့်မယ်” ဟု ရည်ရွယ်လိုက်ကတည်းက ဂျပန်ဘာသာစကားလေ့လာ သင်ယူခြင်းအပါအဝင် များပြားလှစွာသောပြင်ဆင်မှုများ လိုအပ်လာပါမည်။ မိမိနိုင်ငံမှ ဝေးလံလှသောဂျပန်နိုင်ငံသို့သွားပြီး အဲဒီမှာအလုပ်လုပ်ရမှာဖြစ်သည့်အတွက် ဂရုတစိုက်ပြင်ဆင်မှုနှင့် မိသားစုဝင်များ၏နားလည်မှုလည်း လိုအပ်ပေသည်။ ထို့အပြင် မတူညီသောဘာသာစကားကို အသုံးပြု၍ ပတ်ဝန်းကျင်အသစ်တွင်အလုပ်လုပ်ရမည်ဆိုသော အကြောင်းရင်းကြောင့်ပင် စိုးရိမ်ပူပန်မှုတွေရှိကြပါလိမ့်မည်။ ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့သောအတွေ့အကြုံရှိသည့် နိုင်ငံခြားသားများထံမှ စစ်တမ်းကောက်ယူခြင်းနှင့် အင်တာဗျူးများမှတဆင့် ပြုစုစောင့်ရှောက်ခြင်းအလုပ်အား ရွေးချယ်ခဲ့သည့်အကြောင်းရင်း၊ ကြိုတင်ပြင်ဆင်မှု၊ စိုးရိမ်မှုများအား ဖြေရှင်းပုံစသည်များကိုမေးမြန်းကြည့်ခဲ့ပါသည်။

Read More

ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအတွေ့အကြုံရှိသူများမှ အတွေ့အကြုံများအကြောင်းပြောပြပေးခြင်းနှင့် အကြံဉာဏ်ပေးခြင်း

ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအတွေ့အကြုံရှိသူများမှ အတွေ့အကြုံများအကြောင်းပြောပြပေးခြင်းနှင့် အကြံဉာဏ်ပေးခြင်း

ယခုလက်ရှိတွင် ဂျပန်နိုင်ငံဒေသအသီးသီးရှိ ပြုစုစောင့်ရှောက်ရေးဂေဟာများ၌ နိုင်ငံရပ်ခြားမှလာသော ပြုစုစောင့်ရှောက်ရေးဝန်ထမ်းများစွာ အလုပ်လုပ်ကိုင်လျှက်ရှိပါသည်။ မတူညီသော ဘာသာစကားဖြင့် ပတ်ဝန်းကျင်အသစ်တွင်အလုပ်လုပ်ကိုင်ရခြင်းဆိုသည်မှာ မည်သို့မည်ပုံဖြစ်ပါ လိမ့်မလဲ။ အမှန်တကယ်ပင် ဂျပန်နိုင်ငံ၌ ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိသော နိုင်ငံခြားသားများထံမှ စစ်တမ်းကောက်ယူခြင်းနှင့် အင်တာဗျူးမေးမြန်းခြင်း များကိုအခြေခံ၍ အဖြေရှာဖွေသွားပါမည်။ ထို့အပြင် ယခုအချိန်မှစ၍ဂျပန်နိုင်ငံသို့သွားမည်ဟု စဉ်းစားနေကြသူအားလုံးအတွက်ရည်ရွယ်၍ အတွေ့အကြုံရှိသူများထံမှ အကြံဉာဏ်များလည်း ရှိပါသည်။ ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားသူများ မလွဲမသွေလေ့လာကိုးကားစေလိုပါသည်။

Read More

ပြုစုစောင့်ရှောက်ရေးဝန်ထမ်း၏ နေထိုင်စားသောက်မှု

ပြုစုစောင့်ရှောက်ရေးဝန်ထမ်း၏ နေထိုင်စားသောက်မှု

ပြုစုစောင့်‌ရှောက်ရေးဝန်ထမ်းအဖြစ် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်မည်ဆိုပါက တစ်နေ့တာကို မည်သို့မည်ပုံဖြတ်သန်းပြီး ဘယ်လိုအလုပ်တွေကိုများလုပ်ရမှာပါလဲ။ ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းခွင်များတွင် အလုပ်လုပ်ခဲ့သောအတွေ့အကြုံရှိသည့်သူများထံ ပြုစုစောင့်ရှောက်ရေးဝန်ထမ်း တစ်ဦး၏ နေထိုင်စားသောက်မှုကို အင်တာဗျူးပြုလုပ်ခဲ့ပါသည်။ ပြုစုစောင့်ရှောက်ရေးဂေဟာ၏ ဝန်ဆောင်မှုမှာ ၂၄ နာရီဝန်ဆောင်ပေးရသောကြောင့် ထမ်းဆောင်ရသည့်အလုပ်တာဝန်အမျိုးအစား အရ ညဆိုင်းမဆင်းလို့မရနိုင်ပါဘူး။ သို့သော်လည်း အလုပ်မအားလပ်သည့်ကြားမှရသည့်အချိန်လေးများတွင် အားလုံးဟာ ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာလေ့လာခြင်းနှင့် ဂျပန်ဘာသာစကား လေ့လာခြင်းများကိုလည်း မပျက်မကွက်ပြုလုပ်နေကြသည်ဟု ဆိုပါသည်။

Read More