ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦးအနေဖြင့် လိုအပ်သည့် ဂျပန်ဘာသာအဆင့်က?
ပြုစုစောင့်ရှောက်မှုကိုလိုအပ်လျှက်ရှိသောသက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူအများစုသည် ဂျပန် ဘာသာမှလွဲ၍မပြောတတ်ပေ။ ထို့အပြင် အလုပ်တွင်လိုအပ်သော စာရွက်စာတမ်းများသည် များသောအားဖြင့် ဂျပန်ဘာသာဖြင့်ရေးသားထားပါသည်။ ပြုစုစောင့်ရှောက်ခြင်းဆိုသည့် ပထမဦးဆုံး အလုပ်အကိုင်ကို မိခင်ဘာသာစကားဖြင့်မဟုတ်ဘဲ ဂျပန်ဘာသာဖြင့်ဆောင်ရွက်ရမည်ကို စိုးရိမ် ပူပန်မိကြသူများလည်းရှိကောင်းရှိနိုင်ပါသည်။ ထိုကြောင့် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအနေဖြင့် လိုအပ်သောဂျပန်စာအဆင့်အကြောင်းကို ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ဖူးသည့်အတွေ့အကြုံရှိသော နိုင်ငံခြားသားများထံ စစ်တမ်းကောက်ယူခြင်း၊ အင်တာဗျူးပြုလုပ်ခြင်းများဖြင့် မေးမြန်းကြည့်ခဲ့ပါသည်။