လက်တွေ့ကျကျKanji ကိုထိရောက်စွာလေ့လာနည်း – ၁

လက်တွေ့ကျကျKanji ကိုထိရောက်စွာလေ့လာနည်း – ၁

ဂျပန်စာသင်ကြားမှုသည် အရေးကြီးသော်လည်း ဂျပန်တွင်အလုပ်လုပ်သည့်အခါ အလုပ်သည်ဘဝ၏ဗဟိုချက်ဖြစ်လာသဖြင့် အချိန်အများကြီးပေးပြီး လေ့လာဖို့ခက်ခဲနိုင်ပါတယ်။သို့သော် လက်တွေ့ဘဝနှင့်အလုပ်မှာလည်း Kanjiနှင့်စကားလုံးများကို သိထားခြင်းသည် အရေးကြီးပါသည်။ဒီတစ်ခါမှာတော့ Kanjiကို အတတ်နိုင်ဆုံးထိရောက်စွာ လေ့လာနိုင်မယ့်နည်းလမ်းကို နှစ်ကြိမ်ခွဲပြီး မိတ်ဆက်ပေးပါမယ်။သိထားပြီးအသုံးပြုနိုင်သော Kanjiတိုးလာပါကအလုပ်အပေါ်မှာ ယုံကြည်မှုနှင့်မိုတီဗေးရှင်းအတွက်လည်း ချိတ်ဆက်မိလာပါမယ်။

Contents:

(၁) "အခြေခံKanji" (နေ့စဉ်ဘဝအတွက် အခြေခံKanji)ကို မှတ်သားခြင်း

 

  • ရေးသားမှုအနည်းဆုံးရှိသော Kanjiများမှ စတင်မှတ်သားခြင်း

နေ့စဉ်ဘဝမှာလည်း မကြာခဏအသုံးပြုသောKanjiများမှာ မှတ်သားရလွယ်ကူတဲ့ဟာက များပါသည်။ အခြေခံစတင်သူKanji စာအုပ်များက ရေးသားမှုအစီအစဥ်အလိုက်နှင့် နေ့စဥ်ဘဝမြင်ကွင်းတစ်ခုစီအတွက် မှန်ကန်သောအစီအစဥ်အတိုင်း ပေါ်လာပါမည်။

ဥပမာ) 一(၁)၊二(၂)၊三(၃)၊四(၄)၊五(၅)၊六(၆)၊七(၇)၊八(၈)၊九(၉)၊十(၁၀)၊百(၁၀၀)၊千(၁၀၀၀)၊万(၁၀၀၀၀)၊時(နာရီ)၊分(မိနစ်)၊円(ယန်း )၊日(နေ)၊月(လ)၊火(မီး)၊水(ရေ)၊木(သစ်ပင်)၊金(ရွှေ)၊土(မြေ)၊字(စာလုံး)၊枚(ရွက် )၊人(လူ)၊大(ကြီး)၊中(လတ်)၊小(သေး)၊前(ရှေ့)၊後(နောက်)၊左(ဘယ်)၊右(ညာ)…စသည်တို့

  • နေ့စဉ်ဘဝနှင့်အလုပ်တွင် မကြာခဏတွေ့ရသောKanjiများကို သတိထားကြည့်ရှုရန်

အဆောက်အဦးများတွင် ကြော်ငြာစာများ၊ဖြန့်ဝေစာများ၊မှတ်တမ်းများကို သေချာကြည့်ပါ။ အလုပ်နှင့်သင့်နေ့စဉ်ဘဝတွင် သင်မြင်ရသောKanjiက ရင်းနှီးတယ်လို့ ခံစားရပြီး သင်ယူလိုစိတ်ဖြစ်ပေါ်လာသည်။

ဥပမာ- နေ့စဉ်ဘဝတွေမှာ  ဘူတာရုံ၊ စူပါမားကတ်၊ ဆေးရုံတွင် ကြော်ငြာစာများရှိပြီး ပြုစုစောင့်ရှောက်ရေးအဆောက်အဦးများတွင်လည်း ဝန်ထမ်းများနှင့်အသုံးပြုသူများအတွက် ကြော်ငြာစာများရှိပါသည်။

 

(၂) Kanji မှာ "အဓိပ္ပါယ်" နှင့် "ဖတ်နည်း" က အရေးကြီးပါသည်။ အဓိပ္ပါယ် → ဖတ်နည်း → ရေးနည်း အစဉ်လိုက် လေ့လာပါ။

 

  • Kanji၏အဓိပ္ပါယ်ကို နားလည်ရန်

အချို့သောစကားလုံးများသည် တူညီသောအသံရှိသော်လည်း Kanjiအလိုက် အဓိပ္ပါယ်ကမတူပါ။(同音異義語တူညီသော အသံ မတူသောအဓိပ္ပါယ်)

ဥပမာ)

「花」「鼻」(hana) – “ ပန်း” / “ နှာခေါင်း”
「日」「火」(hi)  – “နေ” / “မီး”

「見る」「診る」(mi-ru)  – “ ကြည့်စမ်း” / “ ဆန်းစစ်”

「機」(ki) = စက်ပစ္စည်း →掃除機(ဖုန်စုပ်စက်)၊洗濯機(အဝတ်လျှော်စက်၊)၊自動販売機(အလိုအလျောက်ရောင်းချမှုစက်)၊飛行機(လေယာဉ်)

「器」(ki) = ထည့်စရာပစ္စည်း ၊ရိုးရှင်းသောကိရိယာ →食器(ပန်းကန်ခွက်ယောက်)၊便器(အိမ်သာအိုး)၊歩行器(လမ်းလျှောက်ကူညီစက်)၊

 

  • စကားလုံးတစ်ခုထဲမှာရှိတဲ့ Kanjiတစ်ခု၏အဓိပ္ပါယ်က စကားလုံးတစ်ခုလုံးကိုဖော်ပြသော အဓိပ္ပါယ်ဖြစ်လာပါသည်။ စကားလုံးများထဲက အဓိပ္ပါယ်ကိုနားလည်သော အခြေခံKanjiကိုရှာပြီး အဲဒါကို သဲလွန်စတစ်ခုအနေနဲ့သုံးကြရအောင်။ဥပမာ

「起床」(ki-shou) – အိပ်ရာထခြင်း → (例文:起床時間は6時です) (ဥပမာဝါကျ:အိပ်ယာထချိန်က ၆နာရီဖြစ်ပါသည်)

「継続」(kei-zoku) – ဆက်လက်လုပ်ခြင်း → (例文:日本語の勉強を継続します) (ဥပမာဝါကျ:ဂျပန်စာလေ့လာခြင်းကို အဆက်မပြတ်လေ့လာမည်)

「発言」(hatsu-gen) – ပြောဆိုခြင်း → (例文:自分の考えを発言しました) (ဥပမာဝါကျ:ကိုယ်ပိုင်အတွေးများကို ပြောခဲ့ပါသည်)

< စာဖတ်ခြင်း၏ အရေးပါမှု >

“ စာဖတ်နည်း” မတူပါက ရှင်းလင်းသောအသံထွက်ခြင်း၊စကားပြောခြင်းမပြုလုပ်နိုင်ပါ။ထို့အပြင် အခုတလော မှတ်တမ်းများနှင့်အစီရင်ခံစာများ၏ ဖန်တီးခြင်းနှင့်ထည့်သွင်းခြင်း၌ ကွန်ပျူတာနဲ့တက်ဘလက်ကိုအသုံးပြုခြင်းက အားလုံးနီးပါးဖြစ်ပါသည်။မှန်ကန်သောစာဖတ်နည်းကိုထည့်သွင်းပြီး ပထမဦးစွာ မှန်ကန်သောKanji ဖော်ပြပါမည်။စာဖတ်နည်းမတူညီပါက ကွဲပြားသောKanji ထွက်လာပါမယ်။

 

(၃) ③ Kanji ကိုစာကြောင်းထဲမှာ မှတ်သားခြင်း

 

စာကြောင်းများအတွင်းရှိ အသုံးပြုနည်းနှင့်အဓိပ္ပါယ်ကို နားလည်ပြီးတော့မှတ်သားပါမယ်။ထို့အပြင် အသံထွက်ဖတ်ပါက မှန်ကန်စွာစာဖတ်နည်း၏ လေ့ကျင့်ရန်အတွက်လည်း ချိတ်ဆက်မိပါမည်။

ဥပမာ)

 

「月」(gatsu, tsuki, getsu)

  • 今日は1月(がつ)15日です。
    (Kyou wa ichigatsu juu-go nichi desu.) → ဒီနေ့က ၁လပိုင်း၁၅ရက် ဖြစ်ပါတယ်။
  • 月(つき)がきれいです。
    (Tsuki ga kirei desu.)→ လက လှပါတယ်။
  • 月(げつ)曜日は早番の仕事です。
    (Getsuyoubi wa hayaban no shigoto desu.)→ တနင်္လာနေ့က မနက်စောပိုင်းအလုပ်ဖြစ်ပါတယ်။
  • 7月(がつ)に日本に来ました。
    (Shichigatsu ni Nihon ni kimashita.) → ၇လပိုင်းမှာ ဂျပန်ကိုလာခဲ့ပါတယ်။

 

「生」(nama, u, sei, i)

  • この魚は生(なま)で食べられます。
    (Kono sakana wa nama de taberaremasu.)→ ဒီငါးက အစိမ်းလိုက် စားနိုင်ပါတယ်။
  • わたしは7月に生(う)まれました。
    (Watashi wa shichigatsu ni umaremashita.)→ ကျွန်တော်က ၇လပိုင်းမှာ မွေးဖွားခဲ့ပါတယ်။
  • 生(せい)年月日をおしえてください。
    (Seinengappi wo oshiete kudasai.)→ မွေးသက္ကရာဇ်ကို ပြောပြပေးပါ။
  • 鈴木さんは日本語の先生(せい)です。
    (Suzuki-san wa Nihongo no sensei desu.)→ ဦးဆုဇုခိသည် ဂျပန်စာဆရာ ဖြစ်ပါသည်။
  • 日本で生(せい)活しています。
    (Nihon de seikatsu shiteimasu→ ဂျပန်မှာ နေထိုင်နေပါတယ်။
  • 魚は水の中で生(い)きています。
    (Sakana wa mizu no naka de ikiteimasu.)→ ငါးက ရေထဲတွင် အသက်ရှင်နေကြပါတယ်။

 

Kanjiကိုမှတ်မိဖို့အတွက် အသံထွက်ဖတ်ခြင်း(on-doku)ကို အသံထွက်ဖတ်ရန်လည်း အရေးကြီးပါသည်။အသံထွက်၍ဖတ်တဲ့အခါ နားထဲမှာကျန်နေပြီး မှတ်ဉာဏ်ထဲမှာ ကျန်ရှိပါတယ်။

ထို့နောက်Kanjiကို လက်တွေ့ရေးကြည့်ပါမယ်။

မှန်ကန်စွာရေး၍ မှန်ကန်အောင်အသံထွက်ဖတ်ပြီးလေ့လာခြင်းကို နေ့တိုင်းKanjiနှစ်ခုစီလောက်ဆိုရင်ပဲရတဲ့အတွက်ကြောင့် လုပ်ကြည့်ပါ။

ဂျပန်ဘာသာမှာ「継続(kei-zoku)は力(chikara)なり」-“ဆက်လက်လုပ်ခြင်း (kei-zoku) သည်ပါဝါ (chikara) ဖြစ်လာသည် “ ဟူသော စကားလုံးရှိပါသည်။သတိမထားမိလိုက်တဲ့အတောအတွင်းမှာ Kanjiအများကြီးကို မှတ်မိနေပါလိမ့်မယ်။

(ကြီးကြပ်သူ) Eri Aoi

အထွေထွေဖွဲ့စည်းထားသောအသင်း  နိုင်ငံတကာဖလှယ်ရေးနှင့်ဂျပန်ဘာသာစကားပံ့ပိုးမှု Y ကထိက။2011 ခုနှစ်ကတည်းကEPA စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အောက်တွင်ဂျပန်ကိုရောက်လာတဲ့ နိုင်ငံခြားသားတွေပြုစုစောင့်ရှောက်ရေးဝန်ထမ်း ကိုယ်စားလှယ်လောင်းများအတွက် သင်ကြားရေးအတွက် အထောက်အကူပြုတဲ့အလုပ်လုပ်ခဲ့ပါသည်။လောလောဆယ်မှာတော့ နည်းပညာဆိုင်ရာအလုပ်သင်များနှင့် အထူးကျွမ်းကျင်လုပ်သားတွေမှာ ဂျပန်ကိုရောက်လာတဲ့ နိုင်ငံခြားသားပြုစုစောင့်ရှောက်ရေးဝန်ထမ်းနဲ့ပတ်သက်သော ပညာရေးတွင်ပါဝင်နေပါသည်။

 

ဂျပန်ဘာသာစကား ဆရာဖြစ်သင်တန်း နာရီပေါင်း420 ပြီးမြောက်ခဲ့ပါသည်။ဂျပန်ဘာသာသင်ကြားရေး အရည်အချင်းစစ်လက်မှတ်ရ လူမှုဖူလုံရေးဝန်ထမ်း