
YouTubeမှာက ပြုစုစောင့်ရှောက်ရေးလုပ်ငန်းနှင့် ပြုစုစောင့်ရှောက်ပေးသည့်အလုပ်သမား၏ နိုင်ငံအသိအမှတ်ပြုလက်မှတ်စာမေးပွဲနှင့် ပတ်သက်သည့်ချန်နယ်က များစွာရှိပါသည်။ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၏ စတင်ပြုလုပ်သူကနေ ပြုစုစောင့်ရှောက်ပေးသည့်အလုပ်သမားကို ရည်မှန်းထားတဲ့သူများအထိ ကျယ်ပြန့်သောလိုအပ်ချက်များအတွက်ဖြေကြားထားတဲ့ဗီဒီယိုက အများကြီးရှိပါတယ်။
ဂျပန်၏ပြုစုစောင့်ရှောက်ရေးအလုပ်နှင့်နိုင်ငံအသိအမှတ်ပြုလက်မှတ် စာမေးပွဲပုံစံကိုနားလည်အောင်အတွက်လည်း အသုံးဝင်ပြီးတော့အကြံပြုထားသော ချန်နယ်များကို မိတ်ဆက်ပေးပါမယ်။ကိုးကားချက်အဖြစ် အသုံးပြုပါ။
Contents:
Sanko Fukushi College
လူမှုဖူလုံရေးပညာရေးအတွက် အထူးပြုကျောင်းဖြစ်သော Sanko Fukushi College ၏ YouTube ချန်နယ်ဖြစ်ပါသည်။ပြုစုစောင့်ရှောက်ပေးသည့်အလုပ်သမား နိုင်ငံအသိအမှတ်ပြုစာမေးပွဲမေးခွန်း၏ အသေးစိတ်ရှင်းလင်းချက်များနှင့်စာမေးပွဲအထိ ထိရောက်သောလေ့လာနည်းကို ဖော်ပြပေးထားပါသည်။စတင်ပြုလုပ်သူသင်တန်းနှင့် လက်တွေ့လေ့ကျင့်သူသင်တန်းစသည်တို့၏ ဟောပြောပွဲအကြောင်းနှင့်ပတ်သက်၍ ရှင်းပြထားတဲ့ဗီဒီယိုလည်း ရှိတဲ့အတွက်ကြောင့် အတန်းမစခင်မှာ စိုးရိမ်စိတ်နှင့်သံသယများကို ရှင်းလင်းရန်လည်း အသုံးဝင်ပါတယ်။ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွင် အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ရန်အတွက် ကိုးကားချက်အဖြစ် အသုံးပြုကြည့်ပါ။
စတင်ပြုလုပ်သူသင်တန်းအခမဲ့ရှင်းလင်းပွဲ၏ဗီဒီယိုပေးပို့ခြင်း။ ① ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို သိရှိခြင်း။
【ပြုစုစောင့်ရှောက်ရေးကျောင်း】Shonan International Academy
ပြုစုစောင့်ရှောက်ပေးသည့်အလုပ်သမား နိုင်ငံအသိအမှတ်ပြုစာမေးပွဲ「“ အားလုံးနားလည်နိုင်တဲ့ စာအုပ်´´၊ပြုစုစောင့်ရှောက်ရေးအလုပ်သမားစာမေးပွဲအတွက် ပြင်ဆင်သည့်စာအုပ်နှင့် ပြုစုစောင့်ရှောက်ရေးအလုပ်သမားစာမေးပွဲ ပြင်ဆင်မှုသင်တန်းများ၊e-learning၊ဗီဒီယိုများ စသည်တို့ကို ဖော်ပြပေးထားပါသည်။
Ameju Co., Ltd. Shonan International Academy ကစီမံခန့်ခွဲထားသောYouTube ချန်နယ်ဖြစ်ပါသည်။
ပြုစုစောင့်ရှောက်ပေးသည့်အလုပ်သမား၏ လက်မှတ်ရယူခဲ့သောနိုင်ငံခြားသားတွေ၏ အင်တာဗျူးတွေအများကြီးရှိပါတယ်။ဘယ်လိုမျိုးလေ့လာခဲ့သလဲဆိုတာ စသဖြင့် တစ်ချက်ကြည့်လိုက်ပါဦး။ https://www.youtube.com/@%E4%BB%8B%E8%AD%B7%E3%81%AE%E5%AD%A6%E6%A0%A1%E6%B9%98%E5%8D%97%E5%9B%BD%E9%9A%9B%E3%82%A2%E3%82%AB%E3%83%87
နံပတ်၁ အထူးကျွမ်းကျင်လုပ်သား နိုင်ငံခြားသားနှင့်တွေ့ဆုံမေးမြန်းခြင်း Vol.2/ပြုစုစောင့်ရှောက်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး မေးမြန်းထားပါသည်။furiganaစာတန်းထိုး
【တရားဝင်】 ဂျပန်အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့ (JICWELS)
ဂျပန်အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့ (JICWELS)က စီမံခန့်ခွဲမှုပြုလုပ်သော တရားဝင်အကောင့်ဖြစ်ပါသည်။ပြုစုစောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားပြုစုစောင့်ရှောက်ရေး အလုပ်လုပ်သူတွေအတွက် အသုံးဝင်သောအချက်အလက်များကိုပေးပို့နေပါသည်။ယခင်တုန်းက နိုင်ငံပေါင်းများစွာကို ရည်ရွယ်ပြီးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဗီဒီယိုတွေ မိတ်ဆက်ထားတဲ့အတွက်ကြောင့် တစ်ချက်ကြည့်လိုက်ပါ။
https://www.youtube.com/@jicwels5396
Explore Nursing Care “ Kaigo” in Japan
Japan Care Worker Guide
ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ ဂျပန်၏နေထိုင်မှုဘဝနှင့် ဂျပန်ဘာသာစကားသင်ယူမှုဆိုင်ရာ နိုင်ငံခြားသားများအတွက် အသုံးဝင်သောအချက်အလက်များကို နားလည်လွယ်ကူအောင် မိတ်ဆက်ပေးနေတဲ့ ချန်နယ်ဖြစ်ပါတယ်။ဂျပန်နိုင်ငံရှိ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသော စီနီယာများ၏ အင်တာဗျူးဗီဒီယိုများသည် လေ့လာမှုနည်းလမ်းများနှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းအကြောင်း စဉ်းစားသည့်အခါ အသုံးဝင်ပါသည်။
https://www.youtube.com/@JapanCareWorkerGuide
ငါတို့အသံ
Ilmu Gunna ၏အင်တာဗျူး ပြုစုစောင့်ရှောက်ရေးလုပ်ငန်းအတွက် အိန္ဒိယမှ Shizuoka သို့