ပြုစုစောင့်ရှောက်ရေးဝန်ထမ်း၏ နေထိုင်စားသောက်မှု

ပြုစုစောင့်ရှောက်ရေးဝန်ထမ်း၏ နေထိုင်စားသောက်မှု

ပြုစုစောင့်‌ရှောက်ရေးဝန်ထမ်းအဖြစ် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်မည်ဆိုပါက တစ်နေ့တာကို မည်သို့မည်ပုံဖြတ်သန်းပြီး ဘယ်လိုအလုပ်တွေကိုများလုပ်ရမှာပါလဲ။ ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းခွင်များတွင် အလုပ်လုပ်ခဲ့သောအတွေ့အကြုံရှိသည့်သူများထံ ပြုစုစောင့်ရှောက်ရေးဝန်ထမ်း တစ်ဦး၏ နေထိုင်စားသောက်မှုကို အင်တာဗျူးပြုလုပ်ခဲ့ပါသည်။ ပြုစုစောင့်ရှောက်ရေးဂေဟာ၏ ဝန်ဆောင်မှုမှာ ၂၄ နာရီဝန်ဆောင်ပေးရသောကြောင့် ထမ်းဆောင်ရသည့်အလုပ်တာဝန်အမျိုးအစား အရ ညဆိုင်းမဆင်းလို့မရနိုင်ပါဘူး။ သို့သော်လည်း အလုပ်မအားလပ်သည့်ကြားမှရသည့်အချိန်လေးများတွင် အားလုံးဟာ ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာလေ့လာခြင်းနှင့် ဂျပန်ဘာသာစကား လေ့လာခြင်းများကိုလည်း မပျက်မကွက်ပြုလုပ်နေကြသည်ဟု ဆိုပါသည်။

Contents:

တစ်နေ့တာအချိန်ဇယား [1]

ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအများစုဟာ မနက် ၈နာရီခွဲလောက်မှစတင်၍အလုပ်ဝင်ရပြီး ညနေ ၅ နာရီခွဲလောက်မှာ အလုပ်တာဝန်ပြီးဆုံးပါသည်။ အလုပ်လုပ်ရသောဂေဟာ (အလုပ်နေရာဌာန)ကို လိုက်၍ စောသည့်အဆိုင်းနှင့်နောက်ကျသည့်အဆိုင်းဟူ၍ အဆိုင်းခွဲစနစ်လည်းပဲရှိသည်ဟုဆိုပါသည်။ ဂေဟာများတွင်အလုပ်လုပ်ကိုင်သော ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦး၏ တစ်နေ့တာ အချိန်ဇယားကို ကြည့်ကြည့်ကြပါစို့။

 

ဂျေစံ (ဖိလစ်ပိုင်) ၏တစ်နေ့တာ (နေ့ဆိုင်း)

နံနက် ၇နာရီ ၃၀မိနစ်          အိပ်ရာမှထခြင်း
နံနက်၈နာရီ ၅၀မိနစ်           အသင်းအလိုက်ဝေမျှထားသောမှတ်စုများကိုစစ်ဆေးခြင်း၊ နံနက်ခင်းတန်းစီခြင်း၊ ဂျူတီထွက်မည့်သူထံမှ အချက်အလက်လွှဲယူခြင်း
နံနက် ၉နာရီ ၁၅မိနစ်          သေးခံဒိုင်ပါလဲလှယ်ခြင်း၊ အိပ်ရာမှထူ,မပေး၍ပြုစုစောင့်ရှောက်ခြင်း
နံနက် ၁၀နာရီ                     ရေဓာတ်ဖြည့်ပေးခြင်း၊ စိတ်အပန်းဖြေပေးခြင်း
နံနက် ၁၁နာရီ                     နေ့လည်စာအတွက်ပြင်ဆင်ခြင်း၊ ဆေးမှတ်တမ်းရေးသွင်းခြင်း
နံနက် ၁၁နာရီ ၄၅မိနစ်        ဟင်းပွဲများချခြင်း၊ စားသောက်ရာတွင်ပြုစုစောင့်ရှောက်ခြင်း
နေ့လည် ၁၂နာရီ                 ခေတ္တအနားယူခြင်း (နေ့လည်စာစားချိန်)
နေ့လည် ၁နာရီ                   ခံတွင်းသန့်ရှင်းရေးပြုစုစောင့်ရှောက်ခြင်း၊ သန့်စင်ခန်းသို့ခေါ်ဆောင်ရန် မေးမြန်းခြင်း
နေ့လည် ၂နာရီ                    အိပ်ရာမှထူ,မပေး၍ပြုစုစောင့်ရှောက်ခြင်း၊ သေးခံဒိုင်ပါလဲလှယ်ခြင်း
နေ့လည် ၃နာရီ                   မုန့်စားရန်ပြင်ဆင်ခြင်း၊ စားသောက်ရာတွင်ပြုစုစောင့်ရှောက်ခြင်း၊ သန့်စင်ခန်းသို့ ခေါ်ဆောင်ပေးခြင်း
ညနေ ၄နာရီ                       ဆေးမှတ်တမ်းရေးသွင်းခြင်း၊ ညစာပြင်ဆင်ခြင်း၊ သေးခံဒိုင်ပါလဲလှယ်ခြင်း
ညနေ ၅နာရီ ၂၀မိနစ်          အလုပ်တာဝန်ပြီးဆုံးခြင်း
ည ၁၀နာရီ                         အိပ်ရာဝင်ခြင်း

 

စီစံ (ဗီယက်နမ်) ၏တစ်နေ့တာ {နေ့ဘက်တွင် ဂေဟာသို့အသွားအပြန်လုပ်ရမည့် ပြုစုစောင့်ရှောက်မှု (Day Service)}

နံနက် ၈နာရီ                       အိမ်မှထွက်၍ ဘတ်စ်ကားဖြင့်အလုပ်သွားခြင်း
နံနက် ၈နာရီ ၃၀မိနစ်          နံနက်ခင်းတန်းစီခြင်း၊ ‌စောင့်ရှောက်ခံဘိုးဘွားအား နေအိမ်မှသွားကြိုခြင်း
နံနက် ၉နာရီ ၃၀မိနစ်          သွေးဖိအား၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရေချိုးရာတွင်ပြုစုစောင့်ရှောက် ပေးခြင်း
နေ့လည် ၁၂နာရီ                ခေတ္တအနားယူခြင်း (နေ့လည်စာစားချိန်)
နေ့လည် ၁နာရီ                   နေအိမ်သို့ပြန်မည့်စောင့်ရှောက်ခံဘိုးဘွားအတွက်ပြင်ဆင်ခြင်း
နေ့လည် ၁နာရီ ၃၀မိနစ်      စိတ်အပန်းဖြေပေးခြင်း
နေ့လည် ၃နာရီ                   အဆာပြေကျွေးမွေးခြင်း
နေ့လည် ၃နာရီ ၃၀မိနစ်      သန့်စင်ခန်းသို့ခေါ်ဆောင်ပေးခြင်းနှင့်ကူညီခြင်း၊ စောင့်ရှောက်ခံ ဘိုးဘွားအား နေအိမ်သို့ပြန်ပို့ပေးခြင်း
ညနေ ၄နာရီ ၃၀မိနစ်          ရှင်းလင်းသိမ်းဆည်းခြင်း၊ မှတ်တမ်းရေးသွင်းခြင်း
ညနေ ၅နာရီ ၃၀မိနစ်          အလုပ်တာဝန်ပြီးဆုံးခြင်း
ညနေ ၆နာရီ                       နေအိမ်သို့ပြန်ခြင်း

 

မနက်ခင်းအလုပ်ဝင်ပြီဆိုသည်နှင့် ပထမဦးဆုံးလုပ်ရမည့်အလုပ်မှာ မှတ်တမ်းများကိုဖတ်ရှုခြင်း ဖြစ်ပါသည်။ ရှေ့တစ်ရက်နှင့်ညပိုင်းတွင်ဖြစ်သော စောင့်ရှောက်ခံဘိုးဘွား၏အခြေအနေကို ရှင်းရှင်း လင်းလင်းသိရှိပြီး တစ်ခုခုပြောင်းလဲမှုရှိမရှိကို သေချာစွာစစ်ဆေးပြီးသည့်နောက်မှ နေ့တစ်နေ့ကို အစပြုပါသည်။ ဂျပန်နိုင်ငံ ဟျောဂိုးစီရင်စု၏ဂေဟာတွင် အလုပ်လုပ်ကိုင်ခဲ့သည့် ဗီယက်နမ်မှ မစ္စ ဟုန်သီငုပ်အန်းက မနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အချိန်အကြာဆုံးသောအလုပ်ကို ပြောပြပေးခဲ့ပါ သည်။

“မနက်ခင်းပိုင်းမှာ အချိန်အကြာဆုံးအလုပ်ကတော့ အညစ်အကြေးစွန့်ရာတွင်ပြုစုစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ သန့်စင်ခန်းကိုခေါ်ဆောင်သွားဖို့နှင့် သေးခံဒိုင်ပါကိုလဲလှယ်ပေးရပါတယ်။ မွန်းလွဲပိုင်းမှာ အချိန်အကြာဆုံးအလုပ်ကတော့ ရေချိုးရာတွင်ပြုစုစောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်။ ခန့်မှန်း ၁နာရီ ကနေ ၄နာရီလောက်အထိကြာတတ်ပါတယ်”

ထို့နောက် ဂေဟာတွင်နေထိုင်၍စောင့်ရှောက်မှုခံယူသည့်ဂေဟာများတွင် ပြုစုစောင့်ရှောက်ခြင်းအား ၂၄နာရီစနစ်ဖြင့်ဝန်ဆောင်မှုပြုသည့်အတွက် ညဆိုင်းအလုပ်လည်းပဲရှိပါသည်။ ဝန်ထမ်းအနည်းငယ် ဖြင့် ဝန်ဆောင်မှုမပေး၍မရသော တာဝန်ယူရသည့်အလုပ်ပင်ဖြစ်ပါသည်။

 

စီစံ (ဖိလစ်ပိုင်) ၏တစ်နေ့တာ (ညဆိုင်း)

ညနေ ၄နာရီ ၁၅မိနစ်          အလုပ်စဝင်ခြင်း၊ ဂျူတီထွက်မည့်သူထံမှ အချက်အလက်လွှဲယူခြင်း
ညနေ ၅နာရီ ၁၅မိနစ်          ညစာအတွက်ပြင်ဆင်ခြင်း
ညနေ ၅နာရီ ၄၅မိနစ်          စားသောက်ရာတွင်ပြုစုစောင့်ရှောက်ခြင်း၊ ဟင်းပွဲများသိမ်းဆည်းခြင်း၊ သန့်စင်ခန်းသို့ ခေါ်ဆောင်ပေးခြင်း
ည၇နာရီ ၂၀မိနစ်                ခေတ္တအနားယူခြင်း (ညစာစားချိန်)
ည၈နာရီ                              အိပ်ရာဝင်ရာတွင်ပြုစုစောင့်ရှောက်ခြင်း၊ သေးခံဒိုင်ပါလဲလှယ်ခြင်း
ည၈နာရီ ၃၀မိနစ်                ညဆိုင်းအလုပ်တာဝန်များ (မှတ်တမ်းရေးသွင်းခြင်း စသည်)
ည၁၁နာရီ                           တာဝန်ကျအထပ်တွင်အသင့်စောင့်ဆိုင်းခြင်း (သူနာပြုအရေးပေါ်ခေါ်ခြင်း စသည်)
ည၁၁နာရီ ၃၀မိနစ်             ခေတ္တအနားယူခြင်း
ည၁နာရီ ၃၀မိနစ်               သေးခံဒိုင်ပါလဲလှယ်ခြင်း
နံနက်၃နာရီ                        လှည့်လည်ကြည့်ရှုခြင်း၊ သေးခံဒိုင်ပါလဲလှယ်ခြင်း
နံနက်၅နာရီ                        နံနက်စာအတွက်ပြင်ဆင်ခြင်း၊ အိပ်ရာမှထူ,မပေး၍ပြုစုစောင့်ရှောက်ခြင်း
နံနက် ၇နာရီ ၃၀မိနစ်         ဟင်းပွဲများချခြင်း၊ စားသောက်ရာတွင်ပြုစုစောင့်ရှောက်ခြင်း၊ ဟင်းပွဲများ သိမ်းဆည်းခြင်း၊ သန့်စင်ခန်းသို့ခေါ်ဆောင်ပေးခြင်း
နံနက် ၉နာရီ ၂၀မိနစ်          အလုပ်တာဝန်ပြီးဆုံးခြင်း

[1] 三菱UFJリサーチ&コンサルティング株式会社 「外国人介護職員の受入れと活躍支援に関するガイドブック」Mitsubishi UFJ Research & Consulting Co.,Ltd. “Guidebook for Accepting and Supporting Foreign Care Workers”

 

ပျော်ရွှင်ရသောအလုပ်က?

အင်ဒိုနီးရှားမှ မစ္စ ရစ္စဝန်တီက ပျော်ရွှင်ရသောအလုပ်ကို အခုလိုပြောပြပေးခဲ့ပါသည်။ “အတူတူ သီချင်းဆိုကြတဲ့အခါမှာ “တော်လိုက်တာနော်” လို့ချီးကျူးခံခဲ့ရပါတယ်။ နောက်ပြီး ဝါသနာပါတဲ့ အကြောင်းနဲ့ပတ်သက်ပြီး စကားတွေဖောင်ဖွဲ့ပြောကြတဲ့အခါ ပျော်ရွှင်စရာအချိန်လေးကို ဖြတ်သန်းခဲ့ ရပါတယ်။ ဥပမာ ကြောင်ချစ်တဲ့ဘိုးဘွားတွေကို ကြောင်အကြောင်းပြောတာတို့၊ သီချင်းကြိုက်တဲ့ ဘိုးဘွားတွေဆီမှာ သီချင်းသင်ပေးခိုင်းတာတို့၊ အတူတူသီချင်းဆိုကြတာတို့ပေါ့”

ထို့အပြင် အိုခယာစီရင်စုမှပြုစုစောင့်ရှောက်ရေးဂေဟာတွင် အလုပ်လုပ်ကိုင်ခဲ့သည့် မစ္စတာ အဲလ်ဘတ် ဖာနန်ဒက်ဇ်က သက်ကြီးရွယ်အိုများနှင့် ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်နိုင်မည့် နည်းဗျူဟာများကိုလည်း ပြောပြပေးခဲ့ပါသေးသည်။ “အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဆင်ပြေပြေ စကားပြောဆိုဖို့က ခေါင်းစဉ်၃ခု ရှိပါတယ်။ (၁) ရာသီဥတု (၂) အစားအစာ (၃) အိပ်စက်မှု အနေအထားပါ။ အဲဒီခေါင်းစဉ်၃ခုနဲ့ ပျော်ပျော်ရွှင်ရွှင် အလုပ်ဆက်လုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါ့အပြင် အဲဒီ၃ခုရဲ့ကျေးဇူးနဲ့ စောင့်ရှောက်ခံဘိုးဘွားတွေရဲ့ ကျန်းမာရေးအခြေအနေလည်း တနည်းနည်းဖြင့်နားလည်လာနိုင်ပါလိမ့်မယ်”

အားလုံးဟာ ပျော်ပျော်ရွှင်ရွှင်နှင့်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အဆင်ပြေချောမွေ့သော ပြောဆို ဆက်ဆံရေးကို အထူးဂရုပြုနေကြသည်ဟုဆိုပါသည်။

 

ပင်ပန်း (ခက်ခဲ)သောအလုပ်က?

လူအပေါ်မှာမူတည်ပြီး ပင်ပန်းခက်ခဲသောအလုပ်အမျိုးအစားဟာ ကွာခြားမှာဖြစ်သော်လည်း များသောအားဖြင့်“ရေချိုးရာတွင် ပြုစုစောင့်ရှောက်ခြင်း” နှင့် “ရွေ့လျားရာတွင်ပြုစုစောင့်ရှောက်ခြင်း” ဟာ ပင်ပန်းသောအလုပ်ဟု မကြာခဏကြားသိရပါသည်။ ရေချိုးရာတွင်ပြုစုစောင့်ရှောက်ခြင်း၌ လဲကျသွားနိုင်သည့်အန္တရာယ်လည်းရှိသည့်အတွက် သတိထားဖို့လိုအပ်ပါမည်။ ထို့အပြင် မိမိ ကိုယ်တိုင်မတ်တတ်မရပ်နိုင်သောဘိုးဘွားများကို အိပ်ရာပေါ်မှတဆင့် ဘီးတပ်ကုလားထိုင်ဆီသို့ ရွှေ့ပေးရသည့် ဘီးတပ်ကုလားထိုင်အသုံးပြုရာတွင်ပြုစုစောင့်ရှောက်ခြင်းသည်လည်း အချိန်ရော ခွန်အားပါလိုအပ်ပါသည်။

ထို့အပြင် တစ်ယောက်တည်းလုပ်နိုင်သည်အထိ အချိန်အတော်ကြာခဲ့သည့်အလုပ်မှာ “ခေါင်းဆောင်အလုပ်”၊ “ညဆိုင်းအလုပ်”၊ “ရေချိုးရာတွင်ပြုစုစောင့်ရှောက်ခြင်း” စသည်တို့ ဖြစ်သည်ဟုဖြေကြပါသည်။ သို့သော် လေးလေးနက်နက်နှင့်အလုပ်ကိုမှတ်သားပြီး “၃လကြာပြီး နောက်မှာ ညဆိုင်းကိုတစ်ယောက်တည်း လုပ်ခဲ့တယ်” ဆိုသောသူနှင့် “ခန္ဓာကိုယ်စက်ယန္တရား ပညာကို သင်ယူလေ့လာပြီး ရွေ့လျားခြင်းနှင့် ဘီးတပ်ကုလားထိုင်အသုံးပြုရာတွင်ပြုစု စောင့်ရှောက်ခြင်းတို့မှာ အသုံးတည့်ခဲ့ပါတယ်” ဆိုသောသူလည်း ရှိခဲ့ပါတယ်။ အားလုံးဟာ တီထွင်ကြံဆမှုနှင့် လေ့လာသင်ယူမှုတို့ပြုရင်းနှင့် ခက်ခဲသောအလုပ်များကိုပင် အကျွမ်းတဝင် ပြုလုပ်နေကြသည်ဟုထင်မြင်ရပါသည်။

 

ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာလက်မှတ်နှင့် ဂျပန်ဘာသာစကားလေ့လာဖို့ အချိန် ရှိရဲ့လား?

ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် တက်ကြွစွာထမ်းဆောင်နေသည့် နိုင်ငံခြားသားများသည် အလုပ်လုပ်ကိုင်ရင်းမှာပင် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာလက်မှတ်ရရှိရန် ရည်ရွယ်သည့်လေ့လာခြင်းနှင့် ဂျပန်စာအရည်အချင်းမြင့်မားစေရန်ရည်ရွယ်သည့် ကြိုးပမ်းဆောင်ရွက်မှုများကို နေ့စဉ်သေသေချာချာ လုပ်ဆောင်နေကြပါသည်။ “ပြုစုစောင့်ရှောက်ရေး စာမေးပွဲအောင်ဖို့အတွက် နေ့တိုင်းစာကျက်ခဲ့ပါတယ်။ အနည်းဆုံးဆိုရင်တောင် တစ်နေ့မှာ၂နာရီ လောက်ပါ။”ဟု ပြောပြပေးခဲ့သူကတော့ ဗီယက်နမ်မှ မစ္စ ဟုန်သီငုပ်အန်းဖြစ်ပါသည်။ ထို့အပြင် အလုပ်လုပ်ကိုင်သောဂေဟာကိုလိုက်၍ အမျိုးမျိုးသောလေ့လာရေးအစီအစဉ်တွေကိုလည်း စီစဉ်ပေး ထားပါသည်။ ဖိလစ်ပိုင်မှ မစ္စတာ အဲလ်ဘတ် ဖာနန်ဒက်ဇ်အလုပ်လုပ်ခဲ့သည့် အိုခယာမစီရင်စု၏ ပြုစုစောင့်ရှောက်ရေးဂေဟာတွင် “တစ်ပတ်လျှင်တစ်ကြိမ် ပြုစုစောင့်ရှောက်ရေးဆရာဝန်နှင့် ပြုစု စောင့်ရှောက်ရေးဆိုင်ရာလေ့လာခြင်း၊ ဂျပန်စာဆရာနှင့်ဂျပန်ဘာသာလေ့လာခြင်း” ကို ပြုလုပ်ခဲ့ သည်ဟုဆိုပါသည်။

ဂျပန်ဘာသာနှင့်ပတ်သက်၍လည်း ပြဌာန်းစာအုပ်များကိုလေ့လာသည့်အပြင် “ဂျပန်လူမျိုးနှင့် ဖျတ်လတ်စွာ စကားပြောဆိုတာမျိုး၊ ရုပ်ရှင်နှင့် အန်နီမေးရှင်းများမှ ဝေါဟာရအသစ်များကို မှတ်သားခြင်းမျိုးနှင့် မှတ်သားခဲ့ပါသည်”၊ “ဂျပန်စာကို စာအုပ်နှင့်လေ့လာခြင်း၊ တီဗီကြည့်ခြင်း၊ သီချင်းဆိုခြင်းစသဖြင့် မှတ်သားခဲ့ပါသည်။ နားမလည်သော ခန်းဂျိနှင့်ဝေါဟာရများရှိပါက မှတ်သားပြီးအလွတ်ကျက်မှတ်ခဲ့ပါသည်” ဟူ၍ အားလုံးဟာ မအားလပ်သောအချိန်ကြားမှ တွေးတောကြံဆ၍ လေ့လာသင်ယူနေသည်ကိုသိရှိရပါသည်။